News Agency
The Times

  • Written by Media Outreach

ရန်ကုန်၊ မြန်မာ - Media OutReach - ၂၀၂၁ ခုနှစ်သြဂုတ်လ ၃၀ ရက် - HOPE Telecare ဟာ နောက်ဆုံးထွက်ပေါ်လာတဲ့ စွယ်စုံရ ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှု ပလက်ဖောင်းဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းစတင်လျှင် စတင်ချင်းမှာပဲ HOPE စေတနာ့ဝန်ထမ်းအင်အားမှာ ဆရာဝန်တွေပါဝင်လို့ရပြီလို့ ဖိတ်ခေါ်ထားပါတယ်။ သူတို့ဟာ ကျန်းမာရေး ဝန်ကြီးဌာနက အိမ်မှာနေထိုင်ဖို့ နိုင်ငံတလွှား အမိန့်ထုတ်ထားတဲ့ကာလအတွင်းမှာ အခမဲ့ ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှုကို ပံ့ပိုးပေးဖို့နဲ့ COVID-19 ကူးစက်မှု အထွတ်အထိပ်ရောက်နေချိန်မှာ လူနာနဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေး ကျွမ်းကျင်သူတို့ ထိတွေ့မှုကို လျှော့ချနိုင်ဖို့ စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

image

 

ဝန်ဆောင်မှုဟာဆိုရင် အွန်လိုင်းကတဆင့် ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းကို အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

 

HOPE Telecare ရဲ့ ပူးတွဲတည်ထောင်သူ ဒေါက်တာ စောမြအောင်က "မကြာသေးခင်က နေ့တိုင်းလိုလို COVID-19 ကူးစက်မှုအသစ်တွေ တစ်ချိန်လုံး မြင့်တက်ခဲ့ပါတယ်။ ဒီကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ချေမှုန်းဖို့‌ လမ်းကြောင်းရှာရာမှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ပိုမိုလိုအပ်တယ်ဆိုတာ နားလည်လာပါတယ်။ ဒါ့ကြောင့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုပေး စနစ်ပေါ်က ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေဖို့ အွန်လိုင်းကတဆင့် ကျန်းမာရေး အကြံပေးအဖွဲ့မှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို ခေါ်ရတာပါ။ ဒါဟာ ဆရာဝန်တွေအတွက် သူတို့အချိန်တွေကို စေတနာ့ဝန်ထမ်းလုပ်ဖို့နဲ့ သူတို့အတွက် အန္တရာယ်မရှိဘဲ ပိုကျွမ်းကျင်လာဖို့ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းအဖွဲ့က စေတနာ့ဝန်ထမ်းဆရာဝန်တွေရဲ့ အားထုတ်မှုဟာ ဒီပြည်သူ့ကျန်းမာရေး ကပ်ဘေးကာလကြီးထဲမှာ အပြုသဘောအဖြည့်သဘော ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

 "ခုလို ချိန်ခါမျိုးမှာ အများပြည်သူတွေဟာ အန္တရာယ်များတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို သွားပြရမှာကို ရှောင်ရှားချင်ကြပါတယ်။ HOPE Telecare က အများပြည်သူရဲ့ သောကကို သက်သာအောင် ကူညီပေးပြီး အလွယ်တကူ ဆေးကုပေးပါမယ်။ စိတ်ကသိကအောင့်ဖြစ်စရာ စိတ်ရှုပ်စရာကောင်းတဲ့ Facebook Messenger လိုမျိုး မက်ဆေ့ဂျ်ပို့ စနစ်တွေသုံးပြီး ဆေးကုပေးမှာ မဟုတ်ပါဘူး။ အတည်ပြုထားတဲ့ ကျွမ်းကျင်သူတွေဆီက သတင်းအချက်အလက်‌တွေကို မိုဘိုင်းဖုန်းတွေအတွက် ကိုယ်ပိုင် HOPE  အက်ပ်ကနေတဆင့် သူတို့ကိုယ်ပိုင်အိမ်တွေမှာ ဘေးကင်းကင်းနေရင်း ကုသနိုင်ဖို့ ကူညီပေးချင်တာဖြစ်ပါတယ်။" လို့ ဒေါက်တာစောမြအောင်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

 

HOPE Telecare ဟာ မြန်မာနိုင်ငံ Blue Ocean Investment Limited က ‌ဒေါက်တာ စောမြအောင် တို့နဲ့ ပူးတွဲလုပ်ငန်းတစ်ခုဖြစ်ပြီး Heydoc International Sdn Bhd က ပိုင်ဆိုင်တဲ့ မလေးရှားနိုင်ငံ "First Digital Signature Electronic Prescription System" DOC2US ဟာ သူတို့ရဲ့ နည်းပညာဆိုင်ရာ ပါတနာဖြစ်ပါတယ်။

 

HOPE Telecare ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးထွန်းထွန်းနိုင်က "HOPE ဆိုတာက "ကျွန်ုပ်တို့ရဲ့ ပြည်သူတွေကို နေ့တိုင်းကူညီမယ် (Helping Our People Everyday)" ဆိုတာရဲ့ အတိုကောက်ဖြစ်ပါတယ်။

ဒါဟာ ကျွန်တော်တို့ရဲ့ မြန်မာပြည်သူတွေကို ပိုမို သုံးလွယ်ရလွယ်နိုင်တဲ့၊ လက်လှမ်းမီပြီး သာတူညီမျှဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ချိန်ခါနေရာမရွေးရနိုင်အောင် ကူညီပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကနေ အခြေတည်ဖြစ်ပေါ်လာတာပါ" လို့ ရှင်းပြခဲ့ပါတယ်။

 

"ကျွန်တော်တို့ နိုင်ငံ့လူဦးရေရဲ့ ၇၀% ခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြပြီးတော့ အဲဒီနေရာမှာ ဆရာဝန်တွေ အလွယ်တကူ ရှာမတွေ့နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အင်တာနက်သုံး ထိုးဖောက်နိုင်နှုန်းဟာ လက်ရှိ ၄၃% ရှိရာကနေ တစ်နှစ်ပြီးတစ်နှစ် ၁၀% ကျော် တိုးတက်နေပါတယ်။ အွန်လိုင်းကနေ ဆေးကုသပေးခြင်းဟာ နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို မြှင့်တင်ရာမှာ ရှေ့ကိုတက်လှမ်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒါဟာ လိုအပ်နေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ဆေးဝါးကုသရေး ရင်းမြစ်တွေ မလိုတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဂေဟစနစ်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပါလိမ့်မယ်" လို့ ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့ပါတယ်။

Read more

How Can Businesses Reduce the Risk of Commercial Litigation?

Commercial disputes often begin with a misunderstanding, an unclear contract or a delayed response to a growing problem. Seeking early advice from Litigation Lawyers Sydney with PCL lawyers can help businesses trust and identify legal risks, clarify obligations and create a strategy... Read more

Writers Wanted



NewsServices.com

Content & Technology Connecting Global Audiences

More Information - Less Opinion