News Agency
The Times

  • Written by Media Outreach

ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရန် ဗြိတိန်မင်းသမီး ဂျိုအန်နာ လွမ်လေးက အသံပါဝင်ကူညီထားသည်

နယူးယောက်မြို့၊ - Media OutReach -  ဇွန် လ ၅ ရက်၊ ၂၀၂၀ - 84000- တိဘက်ဗုဒ္ဓကျမ်းရင်းကို ဘာသာပြန်ဆို၊ ထိန်းသိမ်းရေး အကျိုးအမြတ်အတွက်မဟုတ်သော  တစ်ကမ္ဘာလုံးဆိုင်ရာ ပဏာမလှုပ်ရှားမှုဖြစ်သည့် ဗုဒ္ဓနှုတ်ကပတ်တော်များကို ဘာသာပြန်ဆိုရေးမှ ကမ္ဘာ့အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး ကျမ်းစာစုစည်းမှုများအနက်မှ တစ်ခုဖြစ်ကြောင်း သိရှိမှုကို မြှင့်တင်ရန် လှုံ့ဆော်ရေးဗီဒီယိုတစ်ကားကို စတင်ထုတ်လွှင့်လိုက်ပြီဖြစ်သည်- ၎င်းသည် တိမ်မြုပ်လာပြီဖြစ်သော ရှေးတိဘက်ဘာသာစကားဖြင့် သော့ခတ်သိမ်းထားသကဲ့သို့ ဖြစ်လျက် ကမ္ဘာကြီးမှ  အဖိုးအနဂ္ဃထိုက် အသိပညာ မော်ကွန်းတစ်ခုကို ဖတ်ရှုသိရှိနိုင်ခွင့် ဆုံးရှုံးတော့မည့်ဆဲဆဲဖြစ်နေသည့် ကျမ်းဂန်များစုစည်းမှုတစ်ခုဖြစ်ပါသည်။ ဤပမာဏခြေလှမ်းသည် 84000 ဝဘ်ဆိုက်၏ ၁၀  နှစ်ပြည့် အထိမ်းအမှတ်လည်းဖြစ်သည်။

 

ယနေ့ပြောဆိုနေကြသော ဘာသာစကားတစ်ခုသို့ အစဉ်အမြဲ ဘာသာပြန်ဆိုပြီးခဲ့သော ကျမ်းရင်းမှာ ကျမ်းရင်း၏ ၅% အောက်သာရှိသည်ဟု ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ရှေ့ဆောင် တိဘက်ဗုဒ္ဓဘာသာ ဆရာများ၊ ဘာသာပြန်များနှင့် ပညာရှင်များ၏ ကွန်ဖရင့်တစ်ခုမှ ကောက်ချက်ချထားပါသည်။ ထို ၅% အောက်သော စာပေများက ခေတ်သစ်ကမ္ဘာ၏ စိတ်၊ လူ့စိတ်သဘော၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျင့်ဝတ်များကို ထိုးထွင်းသိနိုင်သော ဉာဏ်များစွာ ပေးခဲ့ပြီးဖြစ်ပါသည်။

 

84000 ဝဘ်ဆိုက်သည် ၎င်းဆိုက် စတင်တည်ထောင်ပြီးချိန်ကတည်းက ကမ္ဘာတခွင်မှ ဘာသာပြန်ဆိုရေး အဖွဲ့များ သို့ ထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ သန်းကျော် ချီးမြှင့်ခဲ့ပြီးဖြစ်သည်- ယင်းအဖွဲ့များတွင် UCSB၊ အောက်စဖို့ဒ်၊ ဗီယန်နာတက္ကသိုလ်တို့မှသည် တိဘက်ဗုဒ္ဓကျမ်းရင်းကို ဖတ်ရှုဖွင့်ဆိုရန် လုပ်ဆောင်သူ Rangjung Yeshe အင်စတီကျု (နီပေါ) တို့ ပါဝင်သည်။

 

 "ရှေးတိဘက်စာပေမှာလည်း ကျွမ်းကျင်၊ ဒီခက်ခဲသိမ်မွေ့လှတဲ့ အဘိဓမ္မာကို ဖွင့်ဆိုဘာသာပြန်ဖို့ လေ့ကျင့်ထားတယ်ဆိုတဲ့ နှစ်မျိုးလုံး ပိုင်နိုင်ကျွမ်းကျင်တဲ့ ပညာရှင်အရေအတွက်က အလျင်အမြန်ပဲ ပျောက်ကွယ်နေပါပြီ။ အခု ကျွန်ုပ်တို့ မလုပ်ဘူးဆိုရင် ဒီရှေးဟောင်းဘာသာစကားအတွင်း တိမ်မြုပ်နေတဲ့  အသိဉာဏ်ပညာတွေ ဘယ်လောက်များများ ထာဝရ ပျောက်ကွယ်သွားမလဲ မြင်ယောင်ကြည့်လိုက်ပါ" ဟု 84000 ၏ အကြီးတန်းဒါရိုက်တာဖြစ်သော ဟွမ်ကျင်းရွီက  ဆိုသည်။

 

၁၀ နှစ်အတွင်းတွင်ပင် 84000 သည် သုတ္တန်များ၏ ၃၀% ကျော်ကို ဘာသာပြန်ဆိုခဲ့ပြီးဖြစ်သည်။ ၎င်းတွင် တိဘက်ဗုဒ္ဓသာသနာ၏ အဓိကဂိုဏ်းခွဲလေးဂိုဏ်းလုံး၏ ထောက်ခံချက်ပါဝင်ပြီး တိဘက်ဗုဒ္ဓဘာသာဝင် ဓလေ့ထုံးတမ်းများကို အလေ့လာဆုံး၊ သက်ရှိဆရာသခင်အချို့၏ ပံ့ပိုးကူညီမှုဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

အာရှတလွှား ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လွှဲပြောင်းရေးတို့တွင် ဤသမိုင်းဝင်ပမာဏခြေလှမ်းသည် မြတ်ဗုဒ္ဓ၏ သမိုင်းကြောင်း၊ အဘိဓမ္မာနှင့် အသိအမြင်တို့ကို နိုင်ငံတကာဆိုင်ရာ ပညာရပ်ပိုင်းလေ့လာမှုအတွက် အဖိုးမဖြတ်နိုင်ကြောင်း သက်သေပြနေသော ပင်မရင်းမြစ်အရာဝတ္ထုကို အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးအကြိမ် အခမဲ့ ရရှိနိုင်အောင် ပြုလုပ်ပေးပါသည်။ 84000 ဝဘ်ဆိုက်သည် ၎င်း၏ စာဖတ်သူများအား ဘာသာစုံ ဝေါဟာရများ၊ မူရင်းစာသား၊ နှစ်ဘာသာယှဉ်တွဲ ဖတ်ရှုခြင်းတို့ ရနိုင်အောင် လုပ်ဆောင်ပေးရင်း ၎င်း၏ ဒစ်ဂျစ်တယ် စာကြည့်တိုက်နှင့်အတူ နည်းပညာသစ်များကို အဆက်မပြတ်ပေါင်းစည်းပေးနေပါသည်။ ဘာသာပြန်ဆိုထားသော တိဘက်ဗုဒ္ဓကျမ်းရင်းကို အများပြည်သူ လွတ်လပ်စွာ ဖတ်ရှု၍ ရနိုင်အောင်ပြုလုပ်ထားပါသည်။

 

၃-မိနစ်စာ အန်နီမေးရှင်း စတင်မိတ်ဆက်ခြင်းကို ဗြိတိန်မင်းသမီး ဂျိုအန်နာလွမ်လေး တို့က အသံပါဝင်ကုသိုလ်ပြုထားပြီး ဇွန်လ ၅ ရက် (မနက် ၅ နာရီ/စင်္ကာပူ ညနေ ၅ နာရီ) မှ ဇွန်လ ၇ ရက် (အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီ/စင်္ကာပူ ဇွန်လ ၈ ရက် မနက် ၅ နာရီ) အထိ ကြိုက်ကြောင်းပြခြင်းနှင့် မျှဝေခြင်း ("Like and Share" ) လှုံ့ဆော်မှုကို စနေ၊ တနင်္ဂနွေနှစ်ရက်တာ ပြုလုပ်ခဲ့သည်။           

 

လူသန်းပေါင်းများစွာသည့် ၎င်းတို့နေအိမ်များတွင် နေထိုင်ရန် ကန့်သတ်ခံထားရသောကြောင့် 84000 က ၎င်းတို့၏ စခရင်သုံးစွဲချိန်ကို အသုံးဝင်ပြီးအကျိုးရှိအောင်လုပ်ကြရန် တိုက်တွန်းထားသည်-  ယင်းက ကလစ်တစ်ချက်နှိပ်ရုံဖြင့် ကမ္ဘာ့အကြီးဆုံး အသိဉာဏ်ပညာ မော်ကွန်းကြီးကို ထိန်းသိမ်းနိုင်စေမည်ဖြစ်သည်။                                                    

"ဗုဒ္ဓဓမ္မကျန်းဂန်တွေ အဓွန့်ရှည်တည်တံ့ရေးဟာ တခြားဘာသာစကားတွေကို ဘာသာပြန်ဆိုခြင်းပေါ်မူတည်တယ်ဆိုတာ လုံးဝဖြစ်နိုင်ပါတယ်၊" ဟု တည်ထောင်သူ ဥက္ကဋ္ဌ Dzongsar Khyentse Rinpoche က ပြောကြားပြီး ၎င်းသည် သူ၏ ရှေးရိုးစွဲဝါဒကို အလွန်တန်ဖိုးထားဆဲဖြစ်သော နေရာအပိုင်းအခြားတစ်ခုတွင် သူ၏ ကာလရှည် ရှုမြင်ခဲ့သော အမြင်နှင့် ဆန်းသစ်တီထွင်မှုတို့ကြောင့် လူသိများသူဖြစ်သည်။ "တိဘက်ဗုဒ္ဓကျမ်းဂန်တွေကို ဘာသာပြန်ဆိုပြီး ယနေ့ခေတ်လူတွေအတွက် ရရှိနိုင်အောင်လုပ်ခြင်းဟာ ကျယ်ပြောများပြားလှတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုကို ပျက်သုဉ်းမှုကနေ ကယ်တင်ထိန်းသိမ်းခြင်းလည်း ဖြစ်စေနိုင်ပါတယ်" ဟုလည်း သူက ဆိုသည်။

 

ယနေ့စတင်မိတ်ဆက်မှုသည် ကမ္ဘာတစ်ခွင်တွင် မြတ်ဗုဒ္ဓ၏ မွေးဖွားခြင်း၊ သဗ္ဗညုတဉာဏ်တော်ရ၍ ဘုရားဖြစ်ခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း (ဖွား၊ ပွင့်၊ စံ) အထိမ်းအမှတ်ပွဲကျင်းပရက်ဖြစ်သော ဆာဂါဒဝနှင့်လည်း တိုက်ဆိုင်နေသည်။

ဗီဒီယို- https://84000.co/2020video

ဝဘ်ဆိုက်- 84000.co

Read more

Practical Ways to Help Reduce the Risk of Costly Business Disputes

Business disputes have a way of draining time, money and energy that could be better spent running your operation. While not every disagreement can be prevented, many disputes stem from issues that better planning may have reduced or avoided. Taking... Read more

Writers Wanted



NewsServices.com

Content & Technology Connecting Global Audiences

More Information - Less Opinion